အီရန်ဘာသာရေးခေါင်းဆောင်က အမေရိကန်ကို သတိပေး

အီရန်နျူကလီးယားစက်ရုံကို တိုက်ဖို့ အစ္စရေးပြော
Image caption အီရန်နျူကလီးယားစက်ရုံကို တိုက်ဖို့ အစ္စရေးပြော

အီရန်ဘာသာရေးခေါင်းဆောင်က အမေရိကန်တို့က တိုက်ခိုက်လာရင် ဒါမှမဟုတ် ပိတ်ဆို့ အရေးယူရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ အမေရိကန်နဲ့ အစ္စရေးကို ပြောသွား ပါတယ်။ အီရန်နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး အီရန် နဲ့ အစ္စရေး ခေါင်းဆောင် ပိုင်းတွေရဲ့ အပြန်အလှန် ပြောဆိုမှု တွေ တဖက်က အရှိန်မြင့်လာပါတယ်။

အီရန် က လည်း သူ တို့ နျူကလီးယား လက်နက် လုပ်နေတာ မဟုတ်ဘူးလို့ ငြင်း သလို အစ္စရေး ဘက်ကလည်း အီရန် ကအဲဒီ အဆင့်ထိ လုပ်နေပြီ လို့ ယူဆ ထားပြီး အဲဒိ နေရာ ကို လေကြောင်း တိုက်ခိုက်မှု တွေ လုပ်နိုင်တဲ့ အနေအထား ထိ ကို စိုးရိမ်နေကြပါတယ်။

အီရန် က သူတို့ နျူကလီးယား စီမံ ကိန်း ကို မြေအောက် မှာ ထွင်းဖောက်ထားတဲ့ လှိုဏ် ခေါင်းတွေ ထဲမှာ လုပ်နေတာပါ။

အစ္စရေး နဲ့ အနောက်နိုင်ငံ တွေ က တော့ အီရန် က နျူကလီးယား လက်နက် အထိ လုပ်နေပြီ လို့ တွက်ဆ နေပါတယ်။

နိုင်ငံတကာ နျူကလီးယား စောင့်ကြည့်ရေး ကုလသမဂ္ဂ ဌာန တခုဖြစ်တဲ့ အိုင်အေအီးအေ ရဲ့ အခုနောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ ကိုကြည့်ပြီး အမေရိကန်နဲ့ အီးယူ ဥရော ပသမဂ္ဂ နိုင်ငံတွေ က အီရန် ကို အရေးယူ ပိတ်ဆို့မှု တွေ ထပ်တိုးလုပ်လာနေပါပြီ။

အီရန် ဘက်က တော့ သူတို့ နျူကလီးယား လုပ်တာ က စစ်ပြုဖို့ လက်နက် အတွက် မဟုတ် ပဲ ငြိမ်းချမ်းတဲ့ လုပ်ငန်း တွေမှာသာ အသုံးချ ဖို့ လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်

သူတို့ မဟာမိတ် ရုရှ ကလည်း အီရန် ကို နိုင်ငံတကာ က ဆန်ရှင် တွေ ထပ်မတိုး ဖို့ တောင်းဆို နေပါတယ်

အမေရိကန် ဘက် ကတော့ အစ္စရေး က အီရန် ကို လေကြောင်း က ၀င်တိုက်နိုင်တယ် ဆိုတာ ကို စိုးရိမ်ကြောင်း ပြောပေမယ့် လ အနည်းငယ် အတွင်းမှာ တော့ အဲသလို ၀င်တိုက်တာ မဖြစ်နိုင်သေး ပါဘူး လို့ လည်း ပြောနေပါတယ် ။