အီဂျစ်မှာ နိုင်ငံခြားသားတွေကို တရားစွဲ

egypt ဓာတ်ပုံ မူပိုင် AP
Image caption ကိုင်ရိုမြို့က အန်ဂျီအို ရုံးကို အစိုးရဘက် က ဝင်စီးနင်းစဉ်

အီဂျစ် နိုင်ငံက ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေး အတွက် လှုပ်ရှားနေကြ သူပေါင်း ၄၀ ကျော်လောက်ဟာ ရုံးတင် တရားစွဲဆို ခံရဖို့ ရှိနေပါတယ်။

သူတို့တွေကို တရားမဝင် လှုပ်ရှားမှုနဲ့ ပြည်ပက အထောက်အပံ့တွေ ရယူပြီး မတည်ငြိမ်အောင် ဖန်တီးမှုတွေနဲ့ စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

ဒီလူတွေ ထဲမှာ အများစုဟာ နိုင်ငံခြားသား တွေ ဖြစ်ကြပြီး အဲဒီထဲမှာ အမေရိကန်နိုင်ငံက ၁၉ ဦး အပြင် ဂျာမန်လူမျိုး တွေလဲ ပါဝင် ပါတယ်။

အီဂျစ်ကို အုပ်ချုပ်နေတဲ့ စစ်အာဏာပိုင်တွေ က နိုင်ငံခြားသားတွေကို သူတို့တွေဟာ တိုင်းပြည် မငြိမ်သက် စေအောင် ဆန္ဒပြ ပွဲတွေ ဖန်တီး နေတယ်ဆိုပြီး မကြာခဏ စွပ်စွဲနေတာ ဖြစ်ပါတယ်။