အင်္ဂလန် နည်းပြ ကပ်ပဲလို ရာထူးက နှုတ်ထွက်

capello ဓာတ်ပုံ မူပိုင် BBC World Service
Image caption အင်္ဂလန် နည်းပြ ကပ်ပယ်လို ရာထူးက နှုတ်ထွက်

အင်္ဂလန် ဘောလုံး အသင်း နည်းပြ ဖယ်ဘီရီ ကပ်ပယ်လိုဟာ မနေ့က နည်းပြ တာဝန်ကနေ နှုတ်ထွက် သွားပါတယ်။

အင်္ဂလန် ကပ္ပတိန် ဂျွန်တယ်ရီကို အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ်က ကပ်ပယ်လိုကို အသိ မပေးဘဲ ကပ္ပတိန် အရာကနေ ဖယ်ရှားလိုက်ပြီး နောက် ကပ်ပယ်လိုက သူ့ရဲ့ မကျေနပ်မှုကို လူသိ ရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

မနေ့က သူနဲ့ အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ်က တာဝန်ရှိသူတွေ ဝင်ဘလီမှာ တွေ့ကြပြီး နောက်မှာ ကပ်ပယ်လိုက ရာထူးက နှုတ်ထွက်ပြီ ဆိုပြီး ကြေညာခဲ့ပါတယ်။

ကပ်ပယ်လိုဟာ ၂၀၀၈ ခုနှစ်မှာ အင်္ဂလန် နည်းပြ ဖြစ်လာခဲ့ပြီး ခုယူရို ၂၀၁၂ အပြီးမှာ သူရဲ့ အင်္ဂလန် နည်းပြ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကပ်ပယ်လို လက်ထက်မှာ အင်္ဂလန် အသင်းဟာ ကမ္ဘာ့ ဖလားမှာ ဒုတိယ အဆင့်ကနေ အိမ်ပြန် လာခဲ့ရပါတယ်။

အင်္ဂလန်ကို ယူရို ခြေစစ်ပွဲ အောင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ်။

သူ့နေရာကို ဘယ်သူ ဆက်ခံမလဲ မသိရသေးပေမယ့် လက်ရှိ တော်တင်ဟမ် နည်းပြ ဟယ်ရီ ရက်နက်ကို ခန့်နိုင်တယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ထင်ကြေးပေး ပြောဆို နေပါတယ်။