ဂရိကို ပိုက်ဆံပေးဖို့ အီးယူ အချိန်ဆွဲထား

Greece ဓာတ်ပုံ မူပိုင် ap
Image caption ဂရိ လွှတ်တော်မှာ အရေးပါတဲ့ ဥပဒေတချို့ ထုတ်ပြန်

ဂရိ အစိုးရကို ကြွေးမြီ ကယ်ဆယ်ရေး ရံပုံငွေ ယူရို ဘီလီယံ တရာ့ သုံးဆယ် ထပ်မပေးခင် ဂရိ အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တာတွေ ရှိနေသေးတယ်လို့ ဘရပ် ဆဲလမှာ တွေ့ခဲ့တဲ့ ယူရိုဇုံ ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောလိုက်ပါတယ်။

ဂရိ လွှတ်တော် အမတ်တွေ သီတင်းပတ်နဲ့ချီ ဆွေးနွေးပြီးနောက် မနေ့ကတော့ ခြိုးခြံ ချွေ တာရေး အစီအမံတွေကို သဘော တူညီမှု ရခဲ့ပါတယ်။

အဲဒိထဲမှာ ဝန်ထမ်း လခတွေ သိသိသာသာ ဖြတ်တောက်ရေးနဲ့ အလွယ်တကူ အလုပ် ဖြုတ်နိုင်တဲ့ ဥပဒေတွေ ပြဌာန်းရေးတို့ ပါဝင်ပါတယ်။

ဂရိ ဘဏ္ဍာရေး ဝန်ကြီးက သူတို့ အစီအမံကို လက်ခံ အတည်ပြုပေးဖို့ ဥရောပ ဝန်ကြီးတွေ ကို တိုက်တွန်း နေပေမယ့် ကာယကံရှင်တွေကတော့ ဒီအစီအမံတွေကို တကယ် လက်တွေ့ အကောင်အထည် ဖော်မဖော် သိရအောင် အထောက် အထားသစ်တွေ မြင်ချင် သေးတယ်လို့ ပြောနေပါတယ်။