နိုင်ဂျီးရီးယား ဆင်းရဲမှုနှုန်း မြင့်တက်

Image caption ရေနံပိုက်လိုင်းတလျှောက် လမ်းသွားနေတဲ့ နိုင်ဂျီးရီးယားအမျိုးသမီးတဦး

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ အတော်ကောင်းမွန်လာပေမယ့် အခု နောက်ဆုံးထွက်လာတဲ့ စာရင်းဇယားတွေ အရတော့ ဆင်းရဲမွဲတေမှု တွေဟာ မြင့်တက် နေပါတယ်။

နိုင်ငံသားသန်းပေါင်း ၁၀၀ နီးပါးဟာ တနေ့ လုပ်စာ ၁ ဒေါ်လာထက် နည်းတဲ့ဝင်ငွေနဲ့ ရှင်သန်နေရတယ်လို့ သိရပါတယ်။

၂၀၀၄ တုန်းက အခြေခံစားဝတ်နေရေးအတွက် တတ်နိုင်သူ တွေ ၅၅ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ မှာတော့ ၆၁ ရာခိုင်နှုန်းအတိ မြင့်တက်လာတယ်လို့ နိုင်ဂျီးရီးယားနိုင်ငံရဲ့ အမျိုးသားစာရင်းဌာနက ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အာဖရိကရဲ့ အကြီးဆုံးရေနံတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ လူနေမှုအဆင့်အတန်း ကွာဟာမှုတွေဆက်ပြီး ကြီးမားနေရင်တော့ ဒီဆင်းရဲ မွဲတေမှုဟာ ပိုပြီးဆိုးရွားဖို့ပဲ ရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။