ချမ်းသာသူတွေကို အခွန် တိုးကောက်မယ့် အိုဘားမား

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ် ဆိုင်ရာ အဆိုပြုချက်ကို သမ္မတ အိုဘားမားက ချပြခဲ့ပြီး ဒီဘတ်ဂျတ်က လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲ ကျရင် တင်ပြမယ့် သူ့ရဲ့ စီးပွားရေး ဆိုင်ရာ လုပ်ဆောင်ချက် အခြေခံတွေလို့ ယူဆရပါတယ်။

အဲဒီထဲမှာ ချမ်းသာတဲ့ သူတွေကို အခွန်တိုးကောက်ပြီး လုပ်ငန်း အဖွဲ့အစည်း ကြီးတွေရဲ့ အခွန်ရှောင်မှုတွေကို ထိန်းချုပ်မယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီအစီအစဉ်တွေဟာ ငွေကုန်ကြေးကျ များတဲ့ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေ အောက်မှာ စီးပွားရေး တိုးတက်မှုကို အနည်းအကျဉ်းသာ ဆောင်ကျဉ်း နိုင်မှာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားရဲ့ အတိုက်အခံ ရီပါတ်ဘလစ်ကန် တွေက တိုက်ခိုက် ဝေဖန်ခဲ့ပါတယ်။

သတင်းထောက် တွေကတော့ အခု လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ ဘတ်ဂျတ် ဆိုင်ရာ ပြောဆို တိုက်ခိုက်မှု တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။