ဘာရိန်း မြို့တော်မှာ ဆန္ဒပြ

ဘာရိန်း
Image caption ဘာရိန်း ရဲနဲ့ ဆန္ဒပြသူ တွေ ထိပ်တိုက် ဖြစ်ခဲ့

ဘာရိန်း နိုင်ငံမှာ ဆွန်နီ အုပ်ချုပ်သူ မိသားစု ကို ဆန့်ကျင် ဆန္ဒပြ ခဲ့ကြတဲ့ နှစ်ပတ်လည် အထိမ်း အမှတ် ကို အတိုက် အခံ တွေက ကျင်းပ နေစဉ်မှာ မြို့တော် မနားမား မှာ ရှိတဲ့ ဘဏ္ဍာရေး ရပ်ကွက် တခုကို အာဏာ ပိုင် တွေက ပိတ်ဆို့ ထားလိုက်ပြီး မြို့တော် အနောက်ပိုင်း နဲ့ ဆက်သွယ် ထားတဲ့ လမ်းကိုလည်း ပိတ်ထား လိုက်ပါတယ်။

ရဲတွေက ဆန္ဒပြ သူတွေ ကို ရော်ဘာ ကျည်ဆံ တွေ၊ မျက်ရည်ယို ဗုံးတွေ အပြင် လူတွေ ကို မလှုပ်နိုင် မရှားနိုင် ဖြစ်သွား စေတဲ့ ဗုံးတွေ ကိုပါ အသုံး ပြုပြီး ပစ်ခတ် ခဲ့ကြ ပါတယ်။ ဆန္ဒပြ သူတွေ ဖက်က လည်း ခဲတွေနဲ့ ပြန်ပြီး ပစ်ပေါက် ခဲ့ကြ ပါတယ်။

ဘာရိန်း မြို့တော် မနာမား မှာ မနှစ် တုန်းက ဆန္ဒပြ မှုတွေ အတွင်း လူတွေ အဓိက စုရုံး ခဲ့ကြတဲ့ ပုလဲ လမ်းဆုံ အဝိုင်း ဆီကို ချီတက် ဖို့ ဆန္ဒပြသူ တွေက ကြိုးပမ်း ခဲ့တာ ဖြစ် ပါတယ်။

ဘာရိန်း အဓိက အတိုက် အခံ ပါတီက ဆန္ဒပြ သူတွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဆောင်ရွက် ကြဖို့ တိုက်တွန်း ထားပါတယ်။