ထိုင်းနိုင်ငံမှာ ဗုံးပေါက်ကွဲ

Thai ဓာတ်ပုံ မူပိုင် AFP
Image caption ပေါက်ကွဲမှုကို ထိုင်းရဲက စုံစမ်း စစ်ဆေးနေ

အီရန် နိုင်ငံသား လို့ ယူဆ ရသူ တဦးဟာ ဘန်ကောက်မြို့ မှာ ရဲကို ဗုံးနဲ့ ပစ်ပြီး တိုက်ခိုက်ဖို့ ကြိုးစားစဉ် ပေါက်ကွဲမှု ဖြစ်ပြီး သူ့ရဲ့ ခြေနှစ်ချောင်း ပြတ်သွား ခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဘန်ကောက် မြို့လယ်ကောင် က စီးပွားရေး ရပ်ကွက် တခုမှာ ပေါက်ကွဲမှု သုံးခု ဖြစ်ခဲ့ ရာမှာ သူ အပါအဝင် စုစုပေါင်း လူငါးဦး ဒဏ်ရာ ရခဲ့တယ် လို့ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့် ရသူက ဆိုပါတယ်။

အီရန် နိုင်ငံသား သုံးဦး ငှားရမ်း နေထိုင် တယ်လို့ ယူဆ ရတဲ့ အိမ်တခု မှာ ပထမ ပေါက်ကွဲမှု ဖြစ်ခဲ့ တာပါ။

အဲဒီ အိမ်က နေ လူနှစ်ဦး ထွက်ပြေး သွားခဲ့ပြီး သူတို့ တားတာ ကို ရပ် မပေးတဲ့ တက္ကစီ ကားတစင်း ကိုလည်း ဗုံးနဲ့ ပစ်ပြီး တိုက်ခိုက် ခဲ့တယ် လို့ ရဲက ပြောပါတယ်။

ဘန်ကောက်မြို့ မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြစ်နိုင်တယ် လို့ အမေရိကန် သံရုံးက ပြီးခဲ့တဲ့ လတုန်းက သတိ ပေးချက် ထုတ်ပြန် ထားပါတယ်။

နောက်ပိုင်း မှာတော့ ဗုံး လုပ်နိုင်တဲ့ ဓါတု ပစ္စည်း တွေနဲ့ အတူ လက်ဘနွန် နိုင်ငံသား တဦးကို ထိုင်းရဲက ဖမ်းဆီး ခဲ့ပါတယ်။