ကန်အစိုးရ ငွေချေး စာချုပ် အတုများ ဖမ်းဆီးရမိ

italy ဓာတ်ပုံ မူပိုင် Reuters
Image caption သန်းပေါင်း သန်းဂဏန်းရှိ ကန် အစိုးရ ငွေချေး စာချုပ်များ ဖမ်းမိ

အမေရိကန် ဒေါ်လာ သန်းပေါင်း သန်းဂ ဏန်း ရှိတဲ့ အမေရိကန် အစိုးရ ငွေချေး စာချုပ် အတုတွေကို အီတလီ ရဲတွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

ငွေချေးစာချုပ် အတုတွေရဲ့တန်ဖိုးဟာ ကန်ဒေါ် လာ သန်းပေါင်း ခြောက်သန်း ရှိပြီး အမေရိကန် အစိုးရရဲ့ လက်ရှိ စုစုပေါင်း အကြွေး ပမာဏရဲ့ တဝက်နဲ့ ညီမျှပါတယ်။

အရင်ကလည်း ဒီလို စာချုပ် အတုတွေ မိဖူးပြီး ငွေချေး စာချုပ်တွေကို သံသေတ္တာ သုံးလုံးထဲ ထည့်ထားတာ တွေ့ရပြီး ငွေချေး စာချုပ် တစောင်ဟာ အမေရိကန် ဒေါ်လာ သန်းတထောင် တန်ပါတယ်။

ဒီငွေချေးစာချုပ် အတုတွေ ထည့်ထားတဲ့ သံသေတ္တာသုံးလုံးကို ဆွတ်ဇာလန်ရဲ့ ဘဏ္ဍာရေး မြို့တော် ဖြစ်တဲ့ ဇူးရစ်က ဂိုဒေါင် တခုမှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

ဒီငွေချေးစာချုပ် အတုတွေ ပြန့်ပွားရင် ကမ္ဘာ့ အကြွေး အရောင်းအဝယ် လုပ်တဲ့ စနစ်ကို အကြီးအကျယ် သွားထိခိုက်နိုင်တယ်ဆိုပြီး အီတလီ အာဏာပိုင်တွေက ပြောပါတယ်။

ဒီသန်းပေါင်း ခြောက်သန်းဆိုတဲ့ ပမာဏဟာ တရုတ်နိုင်ငံရဲ့ တနှစ် ဂျီဒီပီနဲ့ ညီမျှပါတယ်။

အီတလီရဲကတော့ ဒီငွေချေး စာချုပ်တွေကို ဖွံဖြိုးဆဲ နိုင်ငံတွေကို နည်းနည်းချင်း ဖဲ့ဖဲ့ ရောင်းဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ ထင်ကြေး ပေးပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလည်း ခုလို ငွေချေး စာချုပ် အတုတွေ မိဖူးပြီး အဲဒိတုန်းကတော့ သန်း ငါးရာဖိုးပဲ ရှိပါတယ်။

ဒီအဖြစ်အပျက် နှစ်ခု ဆက်စပ်နေတဲ့ ဖြစ်နိုင်ချေကို ရဲက စဉ်းစားနေပြီး မာဖီးယား ဂိုဏ်းတွေ လက်ချက် ဖြစ်နိုင်တယ်လို့လည်း ရဲက ယူဆနေပါတယ်။

ယူဆနေရုံ မက သူတို့ မှတ်တမ်း မှတ်ရာတွေထဲက မာဖီးယား ဂိုဏ်းတချို့ကို စပြီး စုံစမ်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ သတင်းရရှိပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် တချက်က ခုအမှုနဲ့ ပတ်သက်ပြီး မသင်ကာသူတွေဟာ အရင်တုန်းက နိုက်ဂျီးရီးယားကို နယူးကလီးယား လက်နက် ထုတ်လုပ်ရာမှာ သုံးတဲ့ ပလူ တိုနီယံ ဒြပ်စင်တွေ ရောင်းချဖို့ ကြိုးစားခဲ့ဖူးသူတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက် မတ် ဂရေဂါက သတင်း ပေးပို့ထား ပါတယ်။