ဝှစ်တနီ ဟူစတန် ရဲ့ ဈာပနကျင်းပ

whitney_houston ဓာတ်ပုံ မူပိုင်
Image caption ကွယ်လွန်သွားပြီဖြစ်တဲ့ ဝှစ်တနီ ဟူစတန်

အမေရိကန် ပြည်ထောင်စု၊ နယူးဂျာဆီ ပြည်နယ်က နီဝါခ့်မှာ တော့ အမေရိကန် အဆိုတော် ဝှစ်တနီ ဟူစတန် ရဲ့ ဈာပနကို ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ ဈာပနကို ဝှစ်တနီ ဟူစတန် ကလေး ဘဝမှာ စပြီး သီချင်းဆို ခဲ့တဲ့ ဘက်ပ်တစ္စ ဘုရားကျောင်း မှာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် အဆိုတော် တွေ ဖြစ်ကြတဲ့ စတီဗီ ဝမ်းဒါး နဲ့ အလီရှာ ကီးစ် တို့ ပါဝင်တဲ့ ဓမ္မ သီချင်း အဖွဲ့က တေး သီဆိုပြီး အခမ်း အနားကို စတင် ခဲ့ကြပါတယ်။

မိသားစုနဲ့ မိတ်ဆွေတွေ က ဂုဏ်ပြု စကားတွေ ၄ နာရီ နီးပါးလောက် ပြောကြားခဲ့ကြ အပြီး မှာတော့ ဝှစ်တနီ ဟူစတန်ရဲ့ အအောင်မြင်ဆုံး သီချင်းတပုဒ်ဖြစ်တဲ့ I will always love you နဲ့ အခမ်းအနား ကို အဆုံးသတ်ခဲ့ ကြပါတယ်။

ဝှစ်တနီ ဟူစတန်ဟာ ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက လော့စ်အိန်ဂျယ်လိစ် မြို့က ဟိုတယ် တခုမှာ သေဆုံးခဲ့ ရတာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူမ ဘယ်လို ဘယ်ပုံ သေဆုံး ခဲ့ရတယ်ဆိုတာ ကိုတော့ စုံစမ်း စစ်ဆေး နေဆဲ ပဲ ဖြစ်ပါတယ်။