ဝန်ထမ်းလစာ ကိစ္စ ဦးရွှေမန်း ထပ်မံပြောဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း

နိုင်ငံ့ ၀န်ထမ်း တွေကို လုပ်ခ လစာ တိုးပေး ရေးနဲ့ ပတ်သက် ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ အစိုးရ ကြား အပြန် အလှန် တောင်းဆို မှုတွေ၊ ချေပ မှုတွေ ဖြစ်ပေါ် နေပြီး ရက်ပိုင်း မှာပဲ အင်္ဂါနေ့ မှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ဗုဒ္ဓဟူး နေ့မှာ ကျင်းပမယ့် ပြည်ထောင် စု လွှတ်တော်မှာ ပြည်ထောင်စု လွှတ်တော် နာယကကို ပေးပို့မယ့် သ၀ဏ်လွှာကို အင်္ဂါ နေ့မှာ ပြည်သူ့လွှတ်တော်ထဲမှာ ဖတ်ကြား ရှင်းပြခဲ့ပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌက အစိုးရ ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာကို ကျပ်တသိန်း အထိ တိုးမြှင့် ပေးဖို့နဲ့ မဖြစ်နိုင် ပါကလည်း တတ်နိုင် သလောက် တိုးပေးဖို့ အချက် ၁၅ ချက်ပါ သ၀ဏ်လွှာ ထဲမှာ ဖော်ပြ ထားတယ် လို့လည်း သိရ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကတော့ ပြည်ထောင်စု လွှတ်တော်မှာပဲ ပြည်ထောင်စု ဝန်ကြီး သုံးဦးက သမ္မတ ကိုယ်စား လှယ်တွေ အဖြစ်နဲ့ လက်ရှိ စီးပွားရေး အခြေ အနေမှာ ဝန်ထမ်း လစာတွေ တိုးလိုက်ရင် လာမယ့် ဘဏ္ဍာရေး နှစ်မှာ တိုင်းပြည် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်း သွားနိုင်တဲ့ အကြောင်း ရှင်းလင်း ခဲ့ပါ သေးတယ်။

အင်္ဂါနေ့မှာ ဖတ်ကြားရှင်းလင်းခဲ့တဲ့ သ၀ဏ်လွှာကို သမ္မတ ဦးသိန်းစိန် ဆီကို လည်း ပေးပို့ ခဲ့တယ် လို့လည်း သိရပါတယ်။