ယီမင် မဲပေးရုံ ပစ်ခတ်မှု လူသေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်နိုင်ငံရဲ့ ဒုသမ္မတ အာဘတ် ရပ်ဘူ မန်စူးဝါး မဲပေး နေစဉ်

သမ္မတ အာလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို အစား ထိုးဖို့ လုပ်တဲ့ ယီမင် နိုင်ငံ ရွေးကောက်ပွဲရဲ့ မဲပေးရုံ နှစ်ရုံ မှာ အင်္ဂါနေ့က အကြမ်းဖက် မှုကြောင့် လူ အနည်းဆုံး ၆ဦး သေဆုံး ခဲ့ပါတယ်။

မဲပေးဖို့ ငြင်းဆိုပြီး ဆန္ဒပြတဲ့ ခွဲထွက်ရေး သမား တွေ ရှိရာ နိုင်ငံ တောင်ပိုင်းမှာ လုံခြုံရေး အဖွဲ့ ဝင်တွေနဲ့ သေနတ် သမား တွေ အပြန် အလှန် ပတ်ခတ် မှုတွေ အကြားမှာ အခုလို သေဆုံးမှု တွေ ဖြစ်ခဲ့တာပါ။

ယီမင်နိုင်ငံရဲ့ ဒုသမ္မတ အာဘတ် ရပ်ဘူ မန်စူးဝါး (Abd Rabbu Mansour) ဟာ တဦး တည်းသော ရွေးကောက်ပွဲ ၀င်တဲ့ သမ္မတလောင်းဖြစ်ပါတယ်။

၃၃ နှစ်ကြာ ယီမင် နိုင်ငံကို အုပ်ချုပ် ခဲ့တဲ့ သမ္မတ ဆာလေး (Saleh) က သူ့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြ မှုတွေ လပေါင်း များစွာ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ ရာထူး ကနေ နုတ်ထွက်ဖို့ သဘောတူ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက ယီမင် ပါလီမန်က သမ္မတ ဆာလေး ကို တရား စွဲဆို ခံရမှု ကနေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးတဲ့ နောက်ပိုင်း သူဟာ အခု အမေရိကန် နိုင်ငံမှာ ဆေးကုသမှု ခံယူ နေပါတယ်။