ဆီးရီးယား မြို့တွေထဲ ကြက်ခြေနီ ဝင်ခွင့်မရ

Syria ဓာတ်ပုံ မူပိုင် Bbc
Image caption ဆီးရီးယား အတိုက်အခံ

ဆီးရီးယား နိုင်ငံ ဟွမ်းစမြို့က ဘာဘာ အားမား ရပ်ကွက်ထဲကို ဝင်ခွင့် မရဘူးလို့ အိုင်စီအာစီက ပြောလိုက်ပါတယ်။

ဒီရပ်ကွက်ထဲမှာ အတိုက်အခံတွေက ဆီးရီးယား အစိုးရ တပ်တွေနဲ့ တိုက်နေတာ သီတင်းပတ်နဲ့ချီ ရှိသွားပြီ ဖြစ်ပါတယ်။

အရပ်သား အမြောက်အမြား သေဆုံး ခဲ့ရပြီး သေဆုံးသူ ဘယ်လောက်များသလဲ ဘယ်သူမှ မသိကြပါဘူး။

ဟွမ်းစမြို့ထဲကို ဝင်နိုင်တဲ့ နိုင်ငံခြားက သတင်းထောက် အရေအတွက် လက်တဆုပ် စာသာ ရှိပြီး ဝင်ခွင့်ရတဲ့ သတင်းထောက်တွေထဲက ဆန်းဒေးတိုင်းစ သတင်းစာက သတင်းထောက် မရီး ကော်လဗင်ဟာ မကြာသေးခင် ရက်အနည်းငယ်က ပစ်ခတ်မှုတွေ အတွင်း သေဆုံးခဲ့ ပါတယ်။

မရီးကော်လဗင်နဲ့ အတူ ရှိနေပြီး ခုတော့ ဆီးရီးယား နိုင်ငံထဲကနေ ပြန်ထွက် လာနိုင်ခဲ့တဲ့ ကော်လဗင်ရဲ့ လုပ်ဖော် ကိုင်ဘက် တယောက်ဖြစ်တဲ့ ပေါကွန်းရိုင်းက ဘာဘာ အားမာဟာ သားသတ်ရုံ တရုံနဲ့ တူနေပြီလို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက နိုင်ငံတကာ အသိုင်း အဝိုင်းက သူတို့ တာ ဝန်ကို ကျေပွန်ဖို့ ပျက်ကွက်ခဲ့တယ် ပြောပြီး နိုင်ငံတကာ အသိုင်း အဝိုင်း အနေနဲ့ ဆီးရီးယား အရေးမှာ တသံထဲ ထွက်သင့်ပြီလို့ ပြောပါတယ်။

ဒါ့အပြင် ခု ဆီးရီးယား ပဋိပက္ခမှာ အဓိက တာဝန် ရှိသူဟာ ဆီးရီးယားအစိုးရသာဖြစ်တယ် လို့လည်း ဘန်ကီမွန်းက ပြောသွားခဲ့ပါတယ်။