ရုရှားမှာ သမ္မတ ရွေးကောက်ပွဲ စတင်မဲပေး

putin ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ္စတာပူတင်ကို ထောက်ခံကြသူများ

ရုရှားနိုင်ငံမှာတော့ နိုင်ငံအရှေ့ဖျားမှာ သမ္မတ ရွေးကောက်ပွဲ အတွက် စတင်မဲပေး နေကြပြီ ဖြစ်ပါတယ်။

အဲဒီ မဲဆန္ဒပေး ပွဲတွေကို ရုရှား နိုင်ငံရဲ့ နယ်မြေအလိုက် ခွဲခြားထားတဲ့ အချိန် ဇုန် ၉ ခုမှာ တခုပြီး တခု ကျင်းပသွားပြီး တနင်္ဂနွေ ညနေပိုင်းမှာ ဘောလ်တစ် မြို့တော် ဖြစ်တဲ့ ကလင်နင် ဂရက် မြို့မှာ အဆုံး သတ်မှာ ဖြစ်ပါတယ်။

လောလောဆယ် ခန့်မှန်းချက်တွေ အရတော့ ဗလာဒီမီယာ ပူတင်ပဲ အနိုင်ရပြီး မဲအများစုနဲ့ ကရင်မလင်ကို ပြန်ဝင်ဖို့ ရှိနေပါတယ်။ မစ္စတာ ပူတင်ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ် အထိ သမ္မတ သက်တမ်း ၂ ကြိမ် တာဝန် ထမ်းဆောင် ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံ စည်းကမ်းတွေကြောင့် ဝန်ကြီးချုပ်အဖြစ်ပြောင်းလဲ တာဝန်ထမ်းဆောင် ပြီးအခု ပြန်အရွေး ခံတာ ဖြစ်ပါတယ်။ သူ့ကို ယှဉ်ပြိုင် အရွေးခံသူ က ၄ ဦး ရှိပါတယ်။