လခြမ်းနီက သတင်းထောက် ရုပ်အလောင်းတွေ ကိုလွှဲပေးနိုင်ခဲ့

syria ဓာတ်ပုံ မူပိုင် AFP
Image caption အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းထောက် ၂ ဦး

ဆီးရီးယားနိုင်ငံမှာပြီးခဲ့တဲ့လကအသက် ဆုံးရှုံး ခဲ့ရတဲ့ သတင်းထောက် ၂ ဦးရဲ့ ရုပ်အလောင်း တွေကို ဒမတ်စကတ်စ် မြို့တော်က ပြင်သစ်နဲ့ ပိုလန် သံတမန် တွေကို လခြမ်းနီ အဖွဲ့က လွှဲပြောင်း ပေးခဲ့ပါတယ်။

ဆန်းဒေးတိုမ်းစ်သတင်းစာကဝါရင့်အမေရိကန် သတင်းထောက် မာရီ ကော်လ်ဗင်နဲ့ ပြင်သစ် ဓာတ်ပုံ သတင်းထောက် ရာမီ အော့ချ်လစ်ခ် တို့ဟာ ဟွမ်းစ်မြို့ထဲက ဘာဘာအမာ အရပ်ထဲမှာ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက် ခံရတဲ့ အတွက် အသက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီ အလောင်းတွေကို သောကြာနေ့က သံတမန် တွေက ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ တရားဝင် အသိအမှတ် ပြုပေးခဲ့ ပြီးလဲ ဖြစ်ပါတယ်။

ဆီးရီးယား လခြမ်းနီ အဖွဲ့တွေရဲ့ အကြီးအကဲ ဖြစ်တဲ့ အဗ္ဗဒူလ် ရာမန် အဲလ် အတ်တာ ကတော့ သူတို့တွေ ဘက်က အမေရိကန် သတင်းထောက်ရဲ့ ရုပ်အလောင်းကို ပိုလန် သံရုံး က အမေရိကန် နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆောက်ရွက် ပေးသူဆီကို လွှဲအပ်ပေးခဲ့ကြောင်း၊ တခါ ဒီရုပ်အလောင်းကို နေရင်း နိုင်ငံကို ပြန်ပို့ ပေးနိုင်ဖို့ အတွက် လိုအပ် တာတွေ ကို ဆောင်ရွက် ပေးဖို့ ပြင်သစ် ဆေးရုံ တခုကို ပြောင်းရွှေ့ပို့ဆောင် ပေးသွား မှာ ဖြစ်ကြောင်း တွေကို ပြောပြ သွားပါတယ်။

ပိုလန် က ဆီးရီးယား နိုင်ငံထဲ မှာ ရှိနေတဲ့ အမေရိကန် နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကိုယ်စား ဆောက်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီ ရုပ်အလောင်း တွေကို ဘယ်တော့ ပြန်ပို့ပေး နိုင်မလဲ ဆိုတာကိုတော့ မသိရသေး ပါဘူး။