အမေရိကန်မှာ မှောင်ခိုဂိုဏ်း ဖမ်းမီ

US China
Image caption တရုတ် လူမျိုး ၂၆ ယောက်ကို ဖမ်းဆီး ခေါ်ဆောင် သွား

အမေရိကန် ကနေ တရုတ် တလွှား နိုင်ငံ တကာမှာ တရားမဝင် မှောင်ခို ကုန်ကူးနေ တဲ့ ဂိုဏ်းတဂိုဏ်းကို အမေရိကန်အာဏာ ပိုင်တွေက ဖော်ထုတ်ခဲ့တယ်လို့ ပြောပါ တယ်။

နယူးဂျာစီ ၊ နယူးယောက် ၊ တက္ကဆက်နဲ့ ဖိလစ် ပိုင် တို့မှာလည်း ဖမ်းဆီးမှုတွေ ရှိပြီး အမေရိကန် နဲ့ တရုတ် လူမျိုး ၂၆ယောက်ကို တရားစွဲထား တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

အဲဒီလူတွေဟာ နယူးဂျာစီ ဆိပ်ကမ်းကနေ အမေရိကန် တလွှားကို တရုတ် ပစ္စည်းအတု ဒေါ်လာ သန်း ၃ဝဝ ကျော်ဖိုး ခိုးသွင်းခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဖမ်းမိထားသူ တချို့ကို ဘိန်းမှောင်ခို တင်သွင်းမှု နဲ့ စွပ်စွဲချက် ထုတ်ထားတယ်လို့ သိရပါ တယ်။