တရုတ် စီးပွားရေး အနိမ့်ဆုံး အဆင့်ရောက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ် ပါလီမန်

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း ဟာ ဆယ်စုနှစ် ၂ ခု အတွင်းမှာ အနိမ့်ဆုံးအဆင့် မှာ ရှိနေတယ်လို့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က နှစ်ပတ် လည် ပါလီမန် အစည်း အဝေးမှာ ပြော ကြားလိုက် ပါတယ်။

နောက်နှစ် အတွက် စီးပွားရေး တိုးတက်နှုန်း ကို ၇.၅ ရာခိုင်နှုန်း အဖြစ် မစ္စတာ ဝမ် က သတ်မှတ် ထားတယ် လို့ ပြောကြား ခဲ့ပြီး လူပေါင်း ၉ သန်း အတွက် အလုပ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ် လို့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြား ခဲ့ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေ အရင်က ထားတဲ့ စီးပွားရေး တိုးတက်နှုန်း ရှစ် ရာခိုင်နှုန်း ရဖို့ ဆိုရင်တော့ ပြည်သူ လူထု့ရဲ့ မကျေနပ်မှုတွေ ပျောက်စေမယ့် အလုပ်အသစ် တွေ ဖန်တီး ပေးဖို့ လိုအပ်တယ် လို့ သိရှိ ရပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပါလီမန် မိန့်ခွန်း အပြီးမှာ ဘယ်သူ မှ လက်ခုတ် မတီးခဲ့ ကြသလို အစည်း အဝေး တက်ရောက် သူ တချို့ ဆိုရင် မိန်းခွန်း မပြီးခင် ပါလီမန် ထဲကနေ ထပြီးထွက် သွားကြပါတယ်။

ဝန်ကြီးချုပ် ဝမ်ကျားပေါင် အပါအဝင် တခြား တရုတ် ထိပ်တန်း အရာရှိ တွေဟာ နောက် တက်လာမယ့် အနာဂတ် ခေါင်းဆောင်သစ် တွေကို နေရာ ပေးတဲ့ အနေနဲ့ ဒီနှစ် အကုန်ပိုင်း မှာ ရာထူး ကနေ အနားယူ ကြဖို့ ရှိပါတယ်။