iPad အသစ် ထွက်မယ်

Apple iPad
Image caption ပုံထွက်အား ကောင်းတဲ့ iPad အသစ်

ကမ္ဘာ့ ထိပ်တန်း Apple ကွန်ပျူတာ ကုမ္ပဏီ က ပုံထွက် ပိုပြတ်သားတဲ့ မျက်နှာပြင် နဲ့ iPad အသစ်ကို မတ်လ ၁၆ ရက်မှာ စ ရောင်းမယ် လို့ ကြေညာလိုက် ပါပြီ။

4 G အမျိုးအစား iPad အသစ်ဟာ iPad 2 ထက် ဝ.၆ မီလီမီတာ လောက်သာ ပိုထူပြီး ပေါင် ၄ဝဝ ကနေ ၆၅ဝ ဝန်းကျင်ထိ စျေးနှုန်းနဲ့ ဗြိတိန်မှာ ရောင်းချမယ်လို့ ဆိုပါတယ်။

5-megapixel ရှိတဲ့ ကင်မရာ လည်း ပါပါတယ်။

Window 8 system အသုံးပြုတဲ့ လက်ကိုင် ကွန်ပျူတာတွေ စျေးကွက်ထဲ ဝင်လာရင်တော့ Apple ရဲ့ ဝေစု အသာစီး ရမှုကို စိန်ခေါ် လာနိုင်တယ်လို့ သုံးသပ် နေကြပါတယ်။