အလုပ်သမား ဥပဒေသစ် ထုတ်ပြန်

burmese_workers ဓာတ်ပုံ မူပိုင် getty
Image caption အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းနိုင်တော့မယ့် မြန်မာ အလုပ်သမားများ

မြန်မာအစိုးရကအလုပ်သမားအဖွဲ့အစည်း ဥပဒေကို အာဏာတည် စေဖို့ မတ်လ ၉ ရက်နေ့ထုတ် အစိုးရ သတင်းစာ ထဲမှာ ဖော်ပြ ကြေငြာ လိုက်ပါတယ်။

ဒါကြောင့် ၁၉၆၀ ပြည့်နှစ်တွေ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အလုပ်သမားတွေ အနေနဲ့ တရားဝင် သပိတ် မှောက်ခွင့်တွေ ရှိလာမှာ ဖြစ်ပါတယ်။

တာဝန်ရှိသူ တွေက ဒီ ဥပဒေမှာ အလုပ်သမား တွေကို အလုပ်သမား သမဂ္ဂ တွေ ဖွဲ့စည်းနိုင်ခွင့် ပေးထားပြီး သတ်မှတ်ချက် တွေနဲ့ အညီ သပိတ်မှောက် ခွင့်တွေလဲ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ပေးခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံတွေ ဘက်ကတော့ ဒီဥပဒေဟာ အရင်အဟောင်း ထက်တော့ ပိုပြီး တိုးတက် မှုတွေ ရှိလာ တယ်လို့ ဆိုပေမယ့် အလုပ်သမား သမဂ္ဂတွေကို လုံလောက်တဲ့ လွတ်လပ်မှု မျိုးတွေ ပေးထားတာမရှိကြောင်းနဲ့ သပိတ်မှောက်တဲ့ အလုပ်သမားတွေ အလုပ်ထုတ်မခံ ရအောင် ကာကွယ်ပေးထား တာမျိုး မရှိကြောင်း ပြောပါတယ်။

ဒီဥပဒေကို မူကြမ်းရေးဆွဲတဲ့ အဆင့်မှာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ အကြံဉာဏ်ကို ရယူခဲ့ကြောင်းလည်း အိုင်အယ်လ် အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှယ်က ပြောပါတယ်။

ဥပဒေကို အလုပ်သမားတွေအနေနဲ့ လေ့လာကြဖို့၊ ဥပဒေပါ အခွင့်အရေးတွေကို အလုပ်သမားတွေ သိရှိကြဖို့ အရေးကြီးကြောင်းလည်း မစ္စတာ မာရှယ်က ထောက်ပြသွားပါတယ်။