ဖောက်ကလန်မှာ ရေနံမရှာရ အာဂျင်တီးနားဆို

falkland
Image caption ဖောက်ကလန် ရေပြင်မှာ ရေနံ ရှာတာ တရားမဝင်ဘူးပြော

ဗြိတိန် ထိန်းချုပ်ထားတဲ့ ဖောက်ကလန် ကျွန်းစုမှာ ရေနံ ရှာဖွေတဲ့ ကုမ္ပဏီ တွေ အပေါ် အာဂျင်တီးနား ဘက်က ဥပဒေ ကြောင်းအရ ကိုင်တွယ် အရေးယူ တော့မယ်လို့ သိရ ပါတယ်။

ဖောက်ကလန် ရေပြင်မှာ ရေနံ ရှာတာဟာ တရားမဝင်ဘူးလို့ အာဂျင် တီးနား နိုင်ငံခြားရေး ဝန်ကြီး ဟက်တာ တင်မ်မာမန်းက ဆိုပါတယ်။

ဗြိတိန် ရေနံ ရှာဖွေရေးတွေနဲ့ အကျိုးတူ စီးပွားဘက် လုပ်နေတဲ့ ဘယ် ကုမ္ပဏီကို မဆို စီးပွားရေး အရ ပိတ်ဆို့ နိုင်တယ် လို့လည်း သူက သတိပေး ပါတယ်။

ဒီ သတိပေးချက်ကို တုံ့ပြန် တဲ့အနေနဲ့ ဗြိတိသျှ အစိုးရက ဖောက်ကလန် ကျွန်းသား တွေရဲ့ ရေနံ တူးဖော်ခွင့်ကို အားပေးတယ်လို့ ဆိုပါတယ်။

အာဂျင်တီးနားက ဖောက်ကလန် ကျွန်းတွေကို ဝင်တိုက်တာ အနှစ် ၃ဝ ပြည့် အခမ်းအနား တွေကို လာမယ့်လမှာ ၂ နိုင်ငံလုံးမှာ လုပ်ဖို့ ရှိပါတယ်။ ဒီစစ်ပွဲမှာ အာဂျင်တီးနား ရှုံးနိမ့် ခဲ့ပါတယ်။