နာမယ်ကျော် မင်းသား ဂျော့ချ် ကလူနီ ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူဒန် သမ္မတ ဘတ်ရှီးယားကို ဆန္ဒပြမိလို ဂျော့ချ် ကလူနီ အဖမ်းခံရ

အမေရိကန် ရုပ်ရှင်မင်းသား ဂျော့ချ် ကလူနီဟာ ဝါရှင်တန် ဒီစီမြို့က ဆူဒန်သံရုံး အပြင်ဖက်မှာ ဖမ်းဆီး ခံခဲ့ရပြီးတဲ့နောက် အခုတော့ အာမခံနဲ့ ပြန်လွတ်လာ ပါပြီ။

ဆူဒန် သမ္မတ အိုမာ အယ် ဘတ်ရှီးယားဟာ တောင်ပိုင်း ဆူဒန်နိုင်ငံ နယ်စပ်ဒေသမှာ ရိက္ခာ ပေးဝေဖို့ကို တားမြစ်ပြီး လူမှုဒုက္ခဆိုးတွေ ကျရောက်နေတာကို ကြီးထွားလာအောင် လုပ်နေတယ်လို့ စွပ်စွဲ ဆန္ဒပြမှုတွေမှာ သူပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သံရုံး ပုရဝဏ်ကနေ ထွက်ခွာဖို့ ပြောတဲ့ ရဲအမိန့်ကို ဆန္ဒပြသူတွေက ဖီဆန်ခဲ့တာကြောင့် မစ္စတာ ကလူနီနဲ့ တခြား ဆန္ဒပြသမားတွေ အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။