တွန်ဂါ ဘုရင် ကွန်လွန်

tupou
Image caption တွန်ဂါ ဘုရင် ပဉ္စမမြောက် ဂျော့ချ် တူပို

တွန်ဂါ ဘုရင် ပဉ္စမမြောက် ဂျော့ချ် တူပိုဟာ ဟောင်ကောင်က ဆေးရုံတခုမှာ ကွယ်လွန်သွား ပြီဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စပြီး ဒီ တောင်ပိစိဖိတ် ကျွန်းစု တွေကို အုပ်ချုပ်နေခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၆၃ နှစ် ရှိပြီဖြစ်ပါတယ်။

သူမကွယ်လွန်ခင် အနားမှာရှိနေ ခဲ့တဲ့ ညီတော်သူ အိမ်ရှေ့စံ တူပိုတူ အာလာဗာခါ က ဘုရင် အဖြစ် ဆက်လက် ဆက်ခံသွား မှာဖြစ်ပါတယ်။

ပိုလီနီးရှား ရဲ့ နောက်ဆုံး ဘုရင်စနစ် ဖြစ်တဲ့ တွန်ဂါမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ပြုလုပ်ပေးခဲ့ရာမှာ ဒီ ဘုရင် ပဉ္စမမြောက် ဂျော့ချ် တူပို က ဉီးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ကတော့ ကျွန်းပေါင်း ၁၇၀ မှာ ရှိကြတဲ့ တွန်ဂါ လူမျိုးတွေ ဟာ ပထမဆုံး အကြိမ်အဖြစ် ပါလီမန် ရွေးကောက်ပွဲမှာ မဲပေးနိုင် ခဲ့ကြပြီး ၁၆၅ နှစ် ရှိနေပြီ ဖြစ်တဲ့ မြေရှင် ပဒေသရာဇ် စနစ်ကို အဆုံးသတ် နိုင်ခဲ့ကြပါတယ်။