ပြင်သစ်မှာ ညီညွတ်ဖို့ ပန်ကြား

sarkozy ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် မွတ်ဆလင်တွေကို ဆွဲ မထည့်ဖို့ ဆာကိုဇီ ပြော

အရင် တပတ် သေနတ်ပစ် လူ သေဆုံးမှု အတွက် လိုက်လံ ရှာဖွေနေတဲ့ သေနတ်သမား မို့ဟမ္မဒ် မစ်ရားကို နာရီ ၃ဝ ကြာ စီးနင်းမှု အပြီးမှာ အသေမိ ခဲ့ပြီးတဲ့နောက် ပြင်သစ် သမ္မတ နိကလပ်စ် ဆာကိုဇီက နိုင်ငံ အတွင်း ညီညီညွတ်ညွတ် ရှိကြဖို့ ပန်ကြား ခဲ့ပါတယ်။

မိစ္ဆာ တကောင်ရဲ့ ရူးသွပ်မှုကြောင့် ဖြစ်ရတဲ့ ကိစ္စ အတွက် ပြင်သစ် မွတ်ဆလင်တွေကို ဆွဲ မထည့်ဖို့ မစ္စတာ ဆာကိုဇီက ဆိုပါတယ်။

မို့ဟမ္မဒ် မစ်ရာဟာ တူးလုဇ်မြို့က သူ့တိုက်ခန်းကို ရဲက စီးနင်း ဝင်ရောက်ချိန်မှာ သေဆုံး ခဲ့ပါတယ်။

ပြတင်းပေါက်က ထွက်ပြေးဖို့ လုပ်နေတုန်း ပစ်သတ် ခံရတာပါ။

ဂျူး လူမျိုး ခလေးငယ် ၃ ဦး ၊ ဂျူး ကျမ်းစာသင် ဆရာ တယောက်နဲ့ စစ်သား သုံးယောက်ကို သတ်ခဲ့တယ်လို့ သူက ဝန်ခံ သွားပါတယ်။