နောက်ဆုံး ရေးသားချိန် 23 မတ်လ 2012 - 15:21 GMT

လန်ဒန် အိုလံပစ်အကြို ဗီဒီယိုသတင်း

မီဒီယာ ပလေးယား

လန်ဒန် အိုလံပစ်ဖက်ရှင်

လန်ဒန်အိုလံပစ် စဖို့ ၄လ ကျော်ဘဲလိုပါတော့တယ်။ အိုလံပစ်အတွက် ကမ္ဘာတဝှမ်းမှာ ပြင်ဆင်အိုလံပစ်နဲ့ဆိုင်တဲ့ သတင်းတွေကို စပြီး ကြည့်ကြပါစို့ခင်ဗျာ ။

ယူကေနိုင်ငံ မှာတော့ အိုလံပစ်အစဉ်အလာဖြစ်တဲ့ အိုလံပစ်မီးတောက်ကို နိုင်ငံ တနံတလျား လက်ဆင့်ကမ်းသယ်ကြမယ့် လမ်းကြောင်းကို အခု သိတင်းပတ်မှာ ကြေငြာခဲ့ပါတယ်။

လူထု အကျိုးပြုလုပ်ငန်းလုပ်ခဲ့သူ လူငယ် လူကြီး လူမျိုးစုံ ၇၀၀၀ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့ အိုလံပစ်မီးတောက်သယ်ဆောင်ဖို့ ရွေးချယ်ထားပါတယ်။

အိုလံပစ်စတင်ရာ ဂရိနိုင်ငံမှာတော့ အားကစားသမားတွေဟာ အပြင်းအထန် လေ့ကျင့်နေရတဲ့ကြား ထောက်ပံ့ငွေ မလုံလောက်တဲ့ ပြသနာတွေကို ကြုံနေရပါတယ်

ဂရိနိုင်ငံရဲ့ ချိုးခြံချွေတာရေးအစီအစဉ်ကြောင့် နည်းပြတွေကို လစာမပေးနိုင်တာ ရေကူးကန်ကို အပူဓါတ် မပေးနိုင်တာမျိုး စတဲ့ အခက်အခဲတွေကြုံနေရပါတယ်။

ဒါကြောင် ဘေဂျင်းအိုလံပစ်ကိုလွှတ်ခဲ့တဲ့ အားကစားသမားအရေအတွက် တဝက်လောက်ဘဲ လန်ဒန်အိုလံပစ်ကိုစေလွှတ်နိုင်မှာဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံက တံငါရွာလေးတရွာမှာတော့ ကနူးလှေလှော်သမားတွေ အိုလံပစ်ချ့ပီယံဖြစ်လာရေး လေ့ကျင့်နေကြပါတယ်

၂၀၀၆ခုက နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်အများအပြားရရရှိခဲ့တဲ့ Everardo Cristobal ဟာ ဘေ၈ျင်းအိုလံပစ်မှာ အခြေမလှခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်။

အခုတော့ ပိုပြီး ပြင်းထန်တဲ့ လေ့ကျင်မှုတွေနဲ့ လန်ဒန်အိုလံပစ်မှာ အနိုင်ရရေးသံဓိဌာန်ချလေ့ကျင့်နေပါတယ်။

Team GB လို့ ခေါ်တဲ့ ဗြိတိန်အိုလံပစ်အသင်းကတော့ လောလောဆယ်မှာ အသင်းသားတွေကို စတိုင်ကျအောင် ပြင်ဆင်ပေးနေပါတယ်။၏

ဖက်ရှင်ဒီဇိုင်နာ စတယ်လာ မက္ကာတနီက ဗြိတိသျှ ယူနီယံဂျက်အလံ ကို အခြေခံပြီး ခေတ်ပြိုင် ဖက်ရှင် အားကစားဝတ်စုံတွေ တီထွင်ပေးထားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။