သေဒဏ်ကွပ်မျက်မှု တိုးလာ နိုင်ငံတကာ လွတ်ငြိမ်းအဖွဲ့ ဆို

ဓာတ်ပုံ မူပိုင် BBC World Service
Image caption Amnesty International အမှတ်တံဆိပ်

နိုင်ငံ အနည်းအကျဉ်းလောက်က သေဒဏ် ကွပ်မျက်မှုတွေ အတော်များများ စီရင်ခဲ့တာဟာ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ၂ဝ၁၁ ခုနှစ် အတွင်း အရေအတွက် များပြားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က ပြောပါတယ်။

ဒီအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံမှာ အရှေ့အလယ်ပိုင်း လေးနိုင်ငံ ဖြစ်တဲ့ အီရတ် ၊ အီရန် ၊ ဆော်ဒီ အာရေဗျနဲ့ ရီမင်တို့မှာ သေဒဏ် ကွပ်မျက်မှု အရေအတွက် ဟာ ၅ဝ ရာခိုင်နှုန်းလောက် ခုန်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်မှာတော့ နှစ်စဉ် ထောင်နဲ့ ချီ ဆက်လက် ကွပ်မျက်နေပြီး ဒီအရေအတွက် အတိအကျကို အစိုးရက လျှို့ဝှက်ထားတယ်လို့ Amnesty International က ပြောပါတယ်။

ဒါပေမယ့် တရုတ်က အုပ်ချုပ်ရေးပိုင်ဆိုင်ရာတွေရဲ့ ကျူးလွန်တဲ့ ပစ်မှု ဆယ့်သုံးခု အတွက်တော့ သေဒဏ် ကွပ်မျက်ခံရဖို့ ကင်းလွတ်ခွင့် ပေးလိုက်တယ်လို့ Amnesty International အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Amnesty Internationalရဲ့ ပြောချက်အရ လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ စာရင် နိုင်ငံ အတော်များများမှာ capital punishment တွေ သုံးပုံ တပုံလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။