BMW ကား အစင်း ၁.၃သန်း ပြန်သိမ်း

Image caption နာမယ်ကျော် ဇိမ်ခံကား BMW

ဂျာမန်ကား ကုမ္ပဏီ BMW က ကမ္ဘာတလွှား မှာရှိတဲ့ သူတို့ကုမ္ပဏီထုတ် ကားတွေမှာ ဘက်ထရီ ပြဿနာကြောင့် ဝါယာရှော့ ဖြစ်တာတို့ မီးလောင်တာဖို့ ဖြစ်ပွားနိုင်တာကြောင့် ကားအရေအတွက် ၁.၃ သန်း စင်းကို ပြန်သိမ်းဖို့ စီစဉ်နေပါတယ်။

၂ဝဝ၃ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ် အတွင်း ထုတ်ခဲ့တဲ့ five -series နဲ့ six-series မော်ဒယ်ကားတွေ အားလုံး ကိုပြင်ဖို့ ပြန်အပ်သင့်တယ်လို့ သူ့ကုမ္ပဏီထုတ် ကားပိုင်ရှင်တွေကို ဆော်သြထားပါတယ်။

အခုလို ဘတ်ထရီ ချွတ်ယွင်းမှုနဲ့ ပတ်သက်လို့ အကြောင်းကြားမှု ကိုးခုသာ လက်ခံ ရရှိခဲ့ပြီး ဒီပြဿနာကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မဖြစ်ခဲ့ဘူးလို့ BMW ကုမ္ပဏီက ဆိုပါတယ်။