ABSDF နဲ့ ငြိမ်းချမ်းရေး အဖွဲ့ ဆွေးနွေးပွဲရက်ရွှေ့

_absdf_
Image caption ABSDF တပ်ဖွဲ့ဝင်များ

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဉီး ABSDF နဲ့ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲတွေကို ရက်ရွေ့ဆိုင်း လိုက်တဲ့ အကြောင်း ABSDF က မနေ့က ကြေငြာချက် တစ်ရပ် ထုတ်ပြန်လိုက် ပါတယ်။

အစက ရန်ကုန်မြို့မှာ ဧပြီလ ၈ ရက်နဲ့ ၉ ရက် နေ့တွေမှာ တွေ့ဆုံကြဖို့ သဘောတူညီထားခဲ့ကြ ပြီးမှ အခုလို တွေ့ဆုံ ဆွေးနွေးမဲ့ ရက်ကိုနှစ်ဘက် သဘောတူ ရွှေ့ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

နှစ်ဘက် ညှိနှိုင်းမှုတွေ ကနေ ရရှိ လာမယ့် ဖြစ်ပေါ် တိုးတက် မှုတွေကို သတင်းတွေ ထုတ်ပြန် ပေးသွားမှာ ဖြစ်တယ် လို့လဲ ကြေငြာချက် ထဲမှာ ဖော်ပြထား ပါတယ်။