မုန်တိုင်းချိန် ပစ်ခတ်မှုနဲ့ ရဲထောင်ချ

new orlean hurricane
Image caption မုန်တိုင်းတွင်း ပစ်ခတ်မှုတွေ အတွက် အရေးယူနေ

၂ဝဝ၅ ခုနှစ်က နယူး အော်လီးယန်း မြို့မှာ ကက်ထရီးနား ဟာရီကိန်း မုန်တိုင်းကြီး အပြီး လက်နက်မပါတဲ့ အရပ်သား ၆ ယောက်ကို ပစ်ခတ်မှုနဲ့ အရဲ အရာရှိဟောင်း ၄ ယောက်ကို မေရိကန် တရားရုံး တရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။

၃၈ နှစ်ကနေ ၆၅ နှစ်ထိ ထောင်ဒဏ်တွေ ကျခံရမှာ ဖြစ်ပါတယ်။

သူတို့ကို ကူညီသူ လုပ်ဖော်ကိုင်ဘက် တယောက်ကိုလည်း ထောင်ချ ခဲ့ပါတယ်။

အပစ်ခံရသူ ၂ ယောက် သေဆုံးခဲ့ပြီး သူတို့ မိသားစုဝင် ၂ ယောက်လည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

သင်ကြားရ ခက်ခဲတဲ့ ရောဂါ ခံစားနေရသူ အမျိုးသားတယောက် နောက်ကျောက အပစ် ခံရပါတယ်။

မုန်တိုင်းအပြီး ဥပဒေ ထိန်းသိမ်းမှု နဲ့ ပတ်သက်လို့ နယူး အောလီးယန်း ရဲတွေကို ဝေဖန် ခဲ့ကြပါတယ်။