တူရကီထဲ ထွက်ပြေးလာတဲ့ ဆီးရီးယား ဒုက္ခသည် နှစ်ဆတိုး

ဓာတ်ပုံ မူပိုင် ap
Image caption အစိုးရက လက်နက်ကြီးသုံး နှိမ်နင်းနေ

ဆီးရီးယား နိုင်ငံကနေ သူတို့ဆီ ထွက်ပြေး ဝင်ရောက်လာသူ အရေအတွက် တိုးလာတာကြောင့် ကုလသမဂ္ဂရဲ့ အကူအညီ လိုကောင်း လိုလိမ့်မယ်လို့ တူရကီက ပြောကြားလိုက်ပါတယ်။

လာမယ့် အင်္ဂါနေ့မှာ လူထုအပေါ် ထိုးစစ်ဆင် တိုက်ခိုက် နေမှုတွေကို အဆုံးသတ်ပါ့မယ် ဆိုပြီး ငြိမ်းချမ်းရေး အစီအစဉ်ကို ဆီးရီးယား အစိုးရက လက်ခံ သဘောတူခဲ့ချိန်ကစလို့ သူတို့ဆီ ထွက်ပြေးခိုလှုံသူ အရေအတွက် နှစ်ဆ တိုးလာကြောင်း တူရကီက ဆိုပါတယ်။

အစိုးရတပ်တွေက အပြင်းအထန် လက်နက်ကြီးတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ပြေးလာတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပျက်နေမှုတွေက တကယ့်ကို စိုးရိမ်စရာကောင်းတယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး Ahmet Davutoglu က ပြောပါတယ်။