ဗြိတိန် ပြည်ထဲရေး ဌာန ဝက်ဘ်ဆိုဒ်ကို နှောင့်ယှက်ခံရ

home_website
Image caption နှောင့်ယှက်ခံခဲ့ရတဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာ

ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုဒ် ကို ကွန်ပြူတာ ဟက်ကာ တွေက ဝင်ရောက် နှောင့်ယှက်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ကို စုံစမ်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေး ဝန်ကြီး ဌာနက ပြောပါတယ်။

စနေနေ့ အနှောင်းပိုင်းမှာ အဲဒီ ဝက်ဘ်ဆိုဒ်ကို တက်ကြည့်သူတွေကို လောလောဆယ် ဝက်ဘ်ဆိုဒ် ကြည့်သူတွေ များတဲ့ အတွက် ကြည့်လို့ မရနိုင်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ဝက်ဘ်ဆိုဒ် ကို နှောင့်ယှက် ခံရတဲ့ သဘောဖြစ်တယ်လို့ လဲဆိုပါတယ်။

တွစ်တာ လူထု ကွန်ယက် ပေါ်မှာတော့ အမည်မသိလို့ ခေါ်တဲ့ ဟက်ကာ အဖွဲ့တခုက ဒါဟာ ဗြိတိသျှ အစိုးရရဲ့ အင်တာနက် နဲ့ ပတ်သက်လို့ စောင့်ကြည့် လေ့လာ မှုတွေ လုပ်ဖို့ စီစဉ် နေတာတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လုပ်လိုက်တာ ဖြစ်တယ်ဆိုပြီး သတင်းစကား တခု ထွက်လာပါတယ်။