အီစတာပွဲတော်နေ့ ပုပ်ရဟန်းမင်းကြီး တရားဟော

ဓာတ်ပုံ မူပိုင် AFP
Image caption လူတွေဟာ ကောင်းမှုနဲ့ မကောင်းမှုကို ခွဲမရ ဖြစ်နေ ကြတယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

ခရစ်ယာန် ဘာသာဝင်တို့ရဲ့ အီစတာ ပွဲတော်ကို အီတလီနိုင်ငံ ရောမမြို့မှာ ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်က ကျင်းပပေးခဲ့ပြီး လူထုကြီးကို တရား ဟောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက လူသားတွေဟာ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားနေကြပြီး၊ မကောင်းမှုနဲ့ ကောင်းမှုကို ခွဲခြားမရဖြစ်နေကြ တဲ့အတွက် စိုးရိမ်ကြောင်း ဖေါ်ပြ ဟောကြား သွားပါတယ်။

ဘုရားသခင်ကို မမြင်နိုင်အောင် အမှောင်တရားက ဖုံးလွှမ်းနေပြီး၊ ဘုရားသခင်ရဲ့ တန်ဖိုးတွေ မှေးမှိန်နေတာဟာ လူသားတွေတည်ရှိမှုနဲ့ ကမ္ဘာကြီးအတွက် တကယ့် ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး မိန့်ကြားသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒီလထဲမှာ သက်တော် ၈၅ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် ပုပ်ရဟန်းမင်းကြီး ပင်ပန်းနွမ်းနယ်မှာကို စိုးတဲ့အတွက် အခမ်းအနားကို ပုံမှန် ကျင်းပချိန်ထက် နာရီ အနည်းငယ် တင်ကြို ကျင်းပခဲ့ပါတယ်။