ကြာသပတေး မနက် ဆီးရီးယား စစ်ရပ်မယ်

syria ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယားမှာ တကယ် အပစ်မရပ်သေး

သူ့ပိုင်နက် အတွင်း ကြာသပတေးနေ့ မနက် အရုဏ်တက်မှာ စစ်ဆင်ရေးတွေ အကုန် ရပ်မယ်လို့ ဆီးရီးယား အစိုးရ က ကတိပြု ခဲ့ပါတယ်။

ဒါပေမယ့် အကြမ်းဖက် လက်နက်ကိုင် အုပ်စုတွေရဲ့ တိုက်ခိုက်မှုပေါ် မူတည် တုံ့ပြန် သွားမယ်လို့ အစိုးရဘက်က ဆိုပါတယ်။

ဒါဟာ အတိုက်အခံ တပ်တွေရဲ့ တိုက်ခိုက်မှု တွေကို ဆီးရီးယား အစိုးရဘက်က ရည်ရွယ် ပြောဆိုတာ ဖြစ်ပါတယ်။

အစိုးရက မြို့တွေပေါ်က လက်နက်ကြီးတွေ ရုပ်ပေး ထားသရွေ့ အပစ်အခတ် ရပ်စဲရေးကို သူတို့ဘက်က လိုက်နာမယ်လို့ အစိုးရ ဆန့်ကျင်တဲ့ အုပ်စုတွေက ကတိပေး ပြီးသား ဖြစ်ပါတယ်။

နေ့ခင်းက ရိုက်ထားတဲ့ ဟုမ်းစ်မြို့က လာတဲ့ ဗီဒီယို သတင်းတွေ အရ ငြိမ်းချမ်းရေး အစီအစဉ် အရ ရုပ်ပေးပြီး ဖြစ်ရမယ့် လက်နက်ကြီးတွေနဲ့ အစိုးရ တပ်ဘက်က အဆက်မပြတ် အပြင်းအထန် တိုက်ခိုက် နေဆဲ ဖြစ်ပါတယ်။