မြောက်ကိုရီးယားကို ရိက္ခာ အစီအစဉ် အမေရိကန် ဖျက်သိမ်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြောက်ကိုရီးယား ခေါင်းဆောင်သစ်

မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်ပြီး မနေ့ မနက်တုန်းက ဒုံးပျံလွှတ်တင်မှု ရှေ့ဆက် ခဲ့တာကြောင့် သူတို့နိုင်ငံကို ရိက္ခာကူညီ ထောက်ပံ့မယ် အစီအစဉ်ကို ဖျက်သိမ်းပစ်မယ်လို့ အမေရိကန်က ပြောပါတယ်။

ဒီတာဝေးပစ် ဒုံးပျံ ပစ်လွှတ်မှုဟာ အယောင်ဆောင် စမ်းသပ်မှု တခုလို့ အမေရိကန်က ယူဆ နေပြီး မြောက်ကိုရီးယားရဲ့ အာမခံချက်တွေကို ယုံကြည်လို့ မရဘူးဆိုတာ အခုဆောင်ရွက်ချက်တွေက ပြနေတယ်လို့ ဆိုပါတယ်။

တကယ်တော့ စမ်းသပ် လွှတ်တင်လိုက်တဲ့ ဒုံးပျံဟာလည်း ပစ်လွှတ်ပြီး မကြာခင် အချိန်ပိုင်းအတွင်း ပင်လယ်ထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒုံးပျံ အစီအစဉ်ကို စွန့်လွှတ်ရင် နိုင်ငံတကာက ရိက္ခာအကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်း ကြိုးစားခဲ့ ကြတာ ဖြစ်ပါတယ်။