အီရန် နဲ့ အင်အားကြီး နိုင်ငံတွေ နျူကလီးယား အရေး ဆွေးနွေး

_iran ဓာတ်ပုံ မူပိုင် AFP
Image caption အီရန် နျူကလီးယား အရေး ဆွေးနွေးကြပြီ

အီရန် နိုင်ငံရဲ့ နျူကလီယား အစီအစဉ် တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက စေ့စပ်သူတွေ ဟာ အီရန် နိုင်ငံနဲ့ ဆွေးနွေး နေကြပါတယ်။

ဒါဟာ အချိန် ၁ နှစ် ကျော်အတွင်း မှာပထမ ဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

တူရကီ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး အပြီးမှာတော့ ဥရောပသမဂ္ဂ ရဲ့ အကြီးတန်း ကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန် က အခု ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင် တဲ့ တွေ့ဆုံ မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး နောက်လ ဘဂ္ဂဒက်မြို့မှာ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အီရန်ဘက်က ဆွေးနွေးသူ ဖြစ်တဲ့ ဆာအိဒ် ဂျာလီလီ ကတော့ တဘက်နဲ့ တဘက် အမြင်မတူညီ ကြတာတွေ ရှိခဲ့ပေမယ့် အရေးကြီး တဲ့ အချက်တွေမှာ သဘောတူညီ နိုင်ခဲ့တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။