လျှိုမြောင်သုံးသွယ် ရေကာတာအနီးကနေ လူတွေ ထပ်ရွှေ့ရမယ်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကမ္ဘာပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်နေတဲ့ အကြီးဆုံး ရေကာတာကြီး ဖြစ်ပါတယ်

တရုတ်နိုင်ငံက ကြီးမားလှတဲ့ လျှိုမြောင်သုံးသွယ် ရေကာတာကြီးရဲ့ အစွန်းပိုင်းနေရာတဝိုက်မှာ ကမ်းပါးပြိုကျပြီး၊ မြေပြိုနိုင်တဲ့ အန္တာရာယ် ရှိနေတာကြောင့် အဲဒီအနားမှာ နေထိုင်တဲ့ လူပေါင်း တသိန်းကို ရေကာတာနဲ့ ဝေးရာမှာ နေရာ ပြန်လည် ချထားရေး လုပ်ဆောင်ဖို့ လိုအပ် လိမ့်မယ်လို့ တရုတ် နိုင်ငံပိုင် သတင်းမီဒီယာ ကနေ ကြေညာသွားပါတယ်။

ယန်ဇီမြစ်ကို ဖြတ်ပြီး ဆောက်ထားတဲ့ အဲဒီ ဧရာမ ရေကာတာ အနီးက လူပေါင်း ၁ သန်း ကျော်ကို ရေကာတာနဲ့ ဝေးရာကို ရွှေ့ပြောင်းခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒီရေကာတာကြီးဟာ ကမ္ဘာပေါ်မှာ ရေကားလျှပ်စစ် ထုတ်လုပ်နေတဲ့ အကြီးဆုံး ရေကာတာ ကြီး ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ကစလို့ ရေကာတာကြီးမှာ စိုးရိမ် ရေမှတ်အထိကို ရေတွေ မြင့်တက်လာတာ ကြောင့် မြေပြိုမှုတွေဟာလည်း တိုးများလာနေတာ ဖြစ်ပါတယ်။

ဒီရေကာတာ စီမံကိန်းကြောင့် လူတွေကို နေရာ ရွှေ့ပြောင်း ပေးနေမှုတွေကို လုံလောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့လည်း တရုတ်အစိုးရက ဝန်ခံထားပါတယ်။