ဟွန်ဒူးရပ်စ် လယ်သမားတွေ မြေဝင်သိမ်း

hounduras
Image caption မြေယာပိုင်မှု အကြမ်းဖက် အငြင်းပွားမှုတွေ အရင်က ဖြစ်ဖူး

ဟွန်ဒူးရပ်စ် အစိုးရနဲ့ မြေပိုင်ရှင်တွေက တဘက် အလုပ်သမားတွေက တဘက် မြေပိုင်ဆိုင်မှု အငြင်းအခုံ ဖြစ်နေရာမှာ ခုနောက်ဆုံး ထောင်သောင်း ချီတဲ့ ကျေးလက် အလုပ်သမား တွေက မြေတွေကို သိမ်းပိုက် လိုက်ကြပါတယ်။

အလုပ်သမား တွေက သေချာ စနစ်တကျ စီစဉ် ပြီး တနိုင်ငံလုံးက နေရာ အတော် များများ မှာ မြေတွေကို တပြိုင်နက် သိမ်းခဲ့ ကြတာ ဖြစ်ပါတယ်။

ခုသိမ်းထားတဲ့ မြေတွေဟာ အများပြည်သူနဲ့ ဆိုင်တဲ့ မြေတွေ ဖြစ်ပြီး ဟွန်ဒူးရပ်စ် ဥပဒေက ဆင်းရဲသား အလုပ်သမားတွေကို ဒီမြေမှာ လုပ်ကိုင် စားသောက်ခွင့် ပေးထားတယ်လို့ မြေ သိမ်းပိုက်ရေး တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။

အစိုးရကတော့ ခု သိမ်းယူမှုဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။

ဟွန်းဒူးရပ်စ် နိုင်ငံမှာ လယ်ယာမြေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက် အငြင်းပွားမှုတွေ အရင်ကလည်း ဖြစ်ပွား ခဲ့ဖူးပြီး မကြာသေးခင် နှစ်တွေက ဖြစ်ပွားတဲ့ အလားတူ မြေသိမ်းမှု တွေမှာ အလုပ်သမား လေးငါးဆယ် ယောက်လောက် သေဆုံးခဲ့ပါတယ်။