အီဂျစ်မှာ ဆန္ဒပြပွဲ ထပ်ဖြစ်

Egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတလောင်း အတော်များများ ရွေးကောက်ပွဲက အပယ်ခံရပြီး ဆန္ဒပြမှု တွေဖြစ်

အီဂျစ် နိုင်ငံမှာ အရပ်သား တွေ လက်ကို အာဏာ အပ်နှင်းဖို့ အတွက် တောင်းဆိုရင်း ကိုင်ရိုမြို့ က တာဟီရာ ရင်ပြင်မှာ လူတွေ ထောင်နဲ့ ချီပြီး စုရုံး ဆန္ဒပြ နေကြ ပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် သမ္မတလောင်း အတော်များများ ကို တားမြစ် ခဲ့ပြီး တဲ့နောက် လပေါင်း အတော်ကြာ အတွင်း အကြီးဆုံး ဆန္ဒပြမှု ဖြစ်ခဲ့ တာပါ။

ဆန္ဒပြ သူတွေ ထဲမှာ အကြီးဆုံး အစ္စလာမ္မစ် ပါတီ တွေက လူတွေ ပါသလို ဘာသာရေးနဲ့ မပတ်သက် ဘဲ ပိုပြီး လွတ်လပ်တဲ့ အယူအဆ ရှိတဲ့ ပါတီက လူတွေလည်း ပါဝင် တယ်လို့ တာဟီရာ ရင်ပြင်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ရှေ့လမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်လာ နိုင်တယ် ဆိုတာကို ဒီ ဆန္ဒပြပွဲ မှာ တွေ့ရကြောင်း သူက ပြောပါတယ်။