တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန် ထိတ်တိုက်တွေ့နိုင်

south china sea
Image caption တောင်တရုတ် ပင်လယ်

အပြည်ပြည် ဆိုင်ရာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေး အဖွဲ့က တောင်တရုတ် ပင်လယ် ထဲမှာ တရုတ်နဲ့ အမေရိကန်တို့ ထိတ်တိုက်တွေ့ နိုင်တဲ့ အခြေအနေ တွေပိုပြီး တိုးပွားလာနေတယ် လို့ဆိုလိုက် ပါတယ်။

ဒီဒေသထဲမှာ ရေထွက် ကုန်ပစ္စည်းတွေ ပေါများ ကြွယ်ဝ တဲ့အပြင် ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ တွေကလဲ ပေါများ တဲ့အတွက် မကြာခင် နှစ်တွေ အတွင်းကစပြီး ပဋိပက္ခတွေ မကြာခဏဆိုသလို ဖြစ်လာခဲ့ ပါတယ်။

တရုတ် ကလည်း ဒီဒေသတွင်းမှာ ပိုပြီး ရန်လိုတဲ့ သဘောမျိုးကို ပြသလာသလို အမေရိကန်ကလည်း ဒေသတွင်းမှာ မဟာမိတ် တွေ များပြား လာနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ပူးတွဲ စစ်ရေးလေ့ကျင့် ခဲ့ကြတာကို အန္တရာယ်များတဲ့ လုပ်ရပ် တခု အဖြစ် တရုတ်က ဝေဖန် ပစ်တင်ခဲ့ ပါတယ်။