အမေရိကန်နဲ့ အာဖဂန် ဗျူဟာမြောက် သဘောတူညီချက် မူကြမ်း ပြီးစီး

us_afghan_flags
Image caption အမေရိကန်နဲ့ အာဖဂန် တို့ အနာဂတ် ဆက်ဆံရေး အတွက် မူကြမ်းကို ဘဘောတူခဲ့ကြ

လာမဲ့ ၂၀၁၄ ခုနှစ် အာဖဂန် နစ္စတန် ကနေ အမေရိကန် တပ်တွေ ထွက်သွား ပြီးနောက်မှာ နှစ်နိုင်ငံ ဘယ်လို ဘယ်ပုံ ဆက်ဆံ သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ ရေးဆွဲထားတဲ့ မဟာဗျူဟာ သဘောတူညီ ချက် မူကြမ်းကို လက်စသတ် နိုင်ခဲ့ ကြပြီ ဖြစ်ပါတယ်။

အချိန်အားဖြင့် တနှစ်ကျော် လောက် ဆွေးနွေးခဲ့ရတဲ့ ဒီမူကြမ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်နဲ့ အာဖဂန် ပါလီမန် တွေက အတည်ပြုပေး နိုင်ဖို့ တင်သွင်း သွားမှာ ဖြစ်ပါတယ်။ ဒီ မူကြမ်းနဲ့ ပတ်သက်လို့ အသေးစိတ်ကို တော့ မသိရသေး ပါဘူး။

သမ္မတာ ဟာမစ် ခါဇိုင်း ကတော့ သူအနေနဲ့ ဘာစာချုပ် စာတမ်းကို မဆို နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အာမခံချက် ပေးနိုင်မှသာ လက်မှတ် ရေးထိုး ပေးသွားမှာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။