နယ်သာလန်နဲ့ ပြင်သစ် နိုင်ငံရေး မငြိမ်လို့ ရှယ်ယာစျေးကျ

ဓာတ်ပုံ မူပိုင် AP
Image caption နယ်သာလန်နဲ့ ပြင်သစ် နိုင်ငံရေးကြောင့် အစုရှယ်ယာ စျေးကျ

နယ်သာလန် နဲ့ ပြင်သစ်က နိုင်ငံရေး မတည်ငြိမ် တဲ့ အခြေအနေတွေကြောင့် ငွေကြေး စျေးကွက် မတည်မငြိမ် ဖြစ်နေပါတယ်။

နယ်သာလန်မှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ရာထူးက နှုတ်ထွက်သွားပြီး ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဆာကိုဇီက ဆိုရှယ်လစ် ပါတီက ပြိုင်ဖက်ထက် အရေးနိမ့် နေတာ ဖြစ်ပါတယ်။

စျေးကွက်ထဲမှာ ဂျာမန် ရှယ်ယာတွေက သုံးရာနှုန်းကျော် ကျသွားပြီး ပြင်သစ်မှာတော့ အဓိက ရှယ်ယာ အညွှန်းကိန်းဟာ နှစ် ဒဿမ ရှစ် ရာနှုန်းကို ကျဆင်းသွားပါတယ်။

ဒါ့အပြင် စပိန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံး ကိန်းဂဏန်းတွေ အရ တိုင်းပြည် အခြေအနေဟာ စီးပွားပျက်ကပ်ထဲ ပြန်ဆိုက် နေကြောင်း ပြနေသလို ဂျာမန်က ထုတ်လုပ်မှု ကိန်းဂဏန်းတွေကတည်း စိတ်ပျက်ဖွယ် ကျဆင်းနေတာမို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။