မြောက်အိုင်ယာလန်မှာ စွန့်ပစ်ကားပေါ်က ဗုံးအကြီးစား တွေ့ရှိ

white_van
Image caption ဗုံးတွေ့တဲ့ အနားမှာ ရဲက ကားလမ်းပိတ်ထား ခဲ့ရပါတယ်။

မြောက်အိုင်ယာလန် နဲ့ အိုင်ယာလန် နိုင်ငံ နယ်စပ် အနီးမှာ ဗဲန်ကား တစင်းထဲမှာ ဗုံး အကြီးစား တလုံးကို တွေ့ရှိခဲ့ တယ်လို့ မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီ ဗုံးဟာ ဖြင့် ကီလို ၃၀၀လောက် လေးပြီး လူနေ ထူထပ်တဲ့ နေရာမှာသာ ပေါက်ကွဲလို့ ကတော့ အပျက်အဆီး အလွန်များ ဖွယ်ရာ ရှိတယ်လို့လဲ ပြောပါတယ်။

သောကြာ နေ့ညကလည်း ဘဲလ်ဖတ်စ် မြို့မှာ ဗုံး အသေးစား တလုံးနဲ့ လက်နက်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗုံးတွေကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဆန့်ကျင်ကြတဲ့ ရီပတ်ပလစ်ကန်တွေက ထောင်တာ ဖြစ်နိုင်တယ်လို့ သံသယ တွေဝင်နေ ကြပါတယ်။