ဆီးရီးယားကို လက်နက်ပို့မယ့် သင်္ဘောကို လက်ဘနွန် ရေတပ်တားဆီး

lebanon_ship
Image caption လက်နက်တွေ တင်ဆောင်လာတဲ့ သင်္ဘော

ဆီးရီးယား နိုင်ငံက အတိုက်အခံ သူပုန်တွေ ဆီကို ပို့ပေးတာ လို့ ယူဆရတဲ့ ကွန်တိန်နာ ၃ လုံးမှာ လက်နက်တွေ အပြည့်ထည့် သယ်ယူလာ ခဲ့တဲ့ သင်္ဘော တစင်းကို လက်ဘနွန် ရေတပ်က ကြားက ဖြတ်ပြီးတား နိုင်ခဲ့ပါတယ်။

ဒီလွတ်ဖာလာ၂ လို့ခေါ်တဲ့ သင်္ဘောဟာ လစ်ဗျား နိုင်ငံကနေ ခရီးစတင် လာခဲ့တာ ဖြစ်ပြီး အီဂျစ် နိုင်ငံမှာ တထောက်နား၊ နောက်ပြီး လက်ဘနွန် နိုင်ငံက ထရစ်ပိုလီ ဆိပ်ကမ်းကို သွား ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယား နိုင်ငံ အတွင်းကို လက်နက်တွေ ခိုးသွင်း နေတာ နဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရက မကျေမနပ် နဲ့ ပြောနေခဲ့တာ မကြာခဏ ဖြစ်ပါတယ်။

လက်ဘနွန်ထဲက ဘီဘီစီ သတင်းထောက်ကတော့ ဒီထရစ်ပိုလီ မြို့ဟာ လစ်ဗျား အစိုးရက အလွန် စာနာ စိတ်ထား တဲ့ ဆီးရီးယား အတိုက်အခံတွေ အတွက် အထောက်အကူ တွေ အများကြီး ပေးနေတဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။