အိန္ဒိယက အာသံပြည်မှာ လှေမှောက် လူတရာကျော် သေဆုံး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိန္ဒိယ နိုင်ငံထဲက အာသံပြည်

အိန္ဒိယနိုင်ငံ အာသံပြည်နယ် အရှေ့မြောက်ဖက်မှာ လူ၃၅ဝ တင်ဆောင်လာတဲ့ ကူးတို့ ရေယာဉ် တစင်း တိမ်းမှောက်သွားခဲ့ပါတယ်။

အနည်းဆုံး အလောင်း ၁ဝဝကျော် လောက်ကို ရှာတွေ့ခဲ့ပြီး နောက်ထပ် လူတရာကျော်လောက် ပျောက်ဆုံး နေတယ်လို့ ရဲပြောခွင့်ရသူက ဆိုပါတယ်။

ဒီသဘောဟာ လေပြင်းမုန်တိုင်း ကျပြီး ဗြမ္ပပုတ္တရ မြစ်ထဲကို နစ်မြုပ်သွားတာလို့ အာဏာပိုင်တွေက ပြောပြီး ကယ်ဆယ်ရေး လုပ်ငန်းမှာ ကူညီဖို့ အခင်းဖြစ်တဲ့ နေရာကို ရဲနဲ့ အရန် စစ်သားတွေ ပို့ထားပြီလို့ သိရပါတယ်။