ချန်ဂွမ်ချန်း ကွန်ဂရက်ကို အသနားခံစာ တင်

chen guangcheng ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေးရုံမှာ ထိန်းသိမ်း ခံနေရတယ်လို့ ယူဆရ

တရုတ် အမေရိကန် ဆက်ဆံရေးမှာ စလုံးစခု ဖြစ်စရာ မျက်စိ ကွယ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ချန်ဂွမ်ချန်းက အမေရိကန် ကွန်ဂရက် လွှတ်တော်ကို ရုတ်တရက် အသနားခံစာ တင်ခဲ့ပါတယ်။

ပေကျင်းမြို့က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြား ခဲ့ရာမှာ အမေရိကမှာ လာပြီး အနားယူချင်တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သူ့ကို ကူလိမ့်မယ်လို့ မျှော်လင့် နေပါတယ်။

အမေရိကန် သံရုံးက ဗုဒ္ဓဟူးနေ့က ထွက်လာခွင့် ရတုန်းက လွတ်လွတ်လပ်လပ် နေခွင့်ရခဲ့ပေမယ့် ဆေးရုံမှာ ထိန်းသိမ်း ခံနေရတယ်လို့ ယူဆရပါတယ်။

သူတက်နေတဲ့ ဆေးရုံ ပတ်ပတ်လည်မှာ တရုတ်ရဲတွေ စောင့်ကြပ် နေပြီး အမေရိကန် သံတမန်တွေကိုလည်း သူ့ဆီ လာတွေ့ခွင့် မပေးဘူးလို့ ချန်က ဘီဘီစီကို ပြောပါတယ်။