ယူရိုဇုံစည်းမျဉ်း ပြန်ပြောင်း မဆွေးနွေးဘူးလို့ပြောပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ကျင်းပခဲ့တဲ့ ပြင်သစ်နဲ့ ဂရိ နိုင်ငံက သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က တုန့်ပြန် လိုက်ပြီး ဥရောပ သမဂ္ဂရဲ့ ဘဏ္ဍာရေး သဘောတူ ညီမှုတွေကို ပြန်လည် ညှိနှိုင်း ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ယူရိုဇုံ အဖွဲ့ဝင် ဥရောပ ၂၅ နိုင်ငံအပေါ် တင်းကျပ် ထားမယ့် ဘဏ္ဍာရေး စည်းမျဉ်း ဆိုင်ရာ သဘောတူချက် စာချုပ်နဲ့ ပတ်သက်လို့ အခြေအတင် ငြင်းခုန် ဆွေးနွေး ကြမှု ပြန်လုပ်ချင် တယ်လို့ အနိုင်ရ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းရဲ့ ပြောကြာချက် ထွက်လာခဲ့ ပြီးတဲ့နောက် မစ္စစ် မာခဲလ်က အခုလို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဂရိနိုင်ငံနဲ့ ပတ်သက်လို့ ပြောကြားရာမှာလည်း ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တွေရဲ့ ဘဏ္ဍာရေး ကယ်ဆယ် ကူညီမှု အစီအစဉ်တွေကို လက်ခံရယူပြီး ပြုပြုင်ပြောင်းလဲရေး လုပ်ဖို့ သဘောတူညီပြီးသား ဖြစ်တဲ့ အတွက် လိုက်ကို လိုက်နာရမယ်လို့ မစ္စက် မာခဲလ်က ဆိုပါတယ်။