ကန်မှာ ယီမင် အယ်လ်ခိုင်ဒါရန် စိုးရိမ်ရ

Robert Mueller
Image caption နိုင်ငံအနှံ့ စောင့်ကြပ် စစ်ဆေးမှု တပ်လှန့်ဖို့ လို

အမေရိကန် မှာ ယီမင် က အယ်လ်ခိုင်ဒါ အုပ်စုရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုကို အဓိက ကြုံ နေရတယ်လို့ FBI ညွှန်ကြားရေးမှူး ရောဘတ် မြူလာက ဆိုပါတယ်။

အမေရိကန် လေယာဉ်ကို ဖောက်ခွဲ တိုက်ခိုက်ဖို့ ကြံစည်သူရဲ့ အတွင်းခံ ထဲ ဗုံးထည့် သယ်တဲ့ အကြံကို မကြာခင်က ဖော်နိုင် လိုက်ပါတယ်။

ဒါဟာ ကွန်ဂရက် လွှတ်တော်ကနေ နိုင်ငံအနှံ့ စောင့်ကြပ် စစ်ဆေးမှုကို တပ်လှန့် အဆင့်မြင့်ဖို့ လိုနေတာကို ပြလိုက် တာပဲလို့ မစ္စတာ မြူလာက ဆိုပါတယ်။

အတွင်းခံ ဘောင်းဘီထဲ ဝှက်သယ်လာတဲ့ ဗုံး အမျိုးအစား သစ်ကို စုံစမ်း စစ်ဆေး နေကြတယ် လို့ ကွန်ဂရက် လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

အယ်လ်ခိုင်ဒါနဲ့ ယှဉ်ပြိုင် တိုက်နိုင်ဖို့ အမေရိကန် စစ်လေ့ကျင့်ရေး ဆရာတွေ ယီမင်ကို ပြန်လာပြီး ကူညီ နေကြပါတယ်။