နောက်ဆုံး ရေးသားချိန် 10 မေလ 2012 - 15:14 GMT

မေ ၁၀ တမိနစ်စာ နိုင်ငံတကာ ဗီဒီယို သတင်း

မီဒီယာ ပလေးယား

Syria Blast

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ၄၀ကျော် သေဆုံးခဲ့ပါတယ်။ ဗုံးနှစ်လုံးဟာ ဆီးရီးယား အစိုးရထောက်လှမ်းရေးအိမ်တွေရှိရာ ဒမတ်စကတ် တောင်ပိုင်းရပ်ကွက် မှာ တပြိုင်တည်းလိုလို ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အင်ဂယ်လာ မာကဲလ်က ယူရိုငွေ အကြပ်အတည်းဖြေရှင်းရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဘယ်လို အပြောင်းအလဲမျိုးကိုမှ လက်မခံနိုင်ဘူးလို့ ပယ်ချလိုက်ပါတယ်။ ယူရို အကြပ်အတည်းပြသနာ ပြေလည်ရေးဟာ ကာလရှည်ကြာပြီး ခက်ခဲပင်ပန်းလိမ့်မယ်လို့ သူကဆိုပါတယ်။ ကြွေးမြီလျော့ချရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို သူ့အနေနဲ့ ထောက်ခံပေမဲ့ အကြွေးယူပြီး ဖွံ့ဖြိုးအောင်လုပ်ရင်တော့ မှားလိမ့်မယ်လို့ သူကဆိုပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနေပါတယ်။ ဆယ်စုနှစ်တချို့ အတွင်း အပွင့်လင်းဆုံးရွေးကောက်ပွဲလို့ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အစိုးရက ကြေညာထားပါတယ်။ ပါတီသစ် ဆယ်ဂဏန်းတချို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြပေမဲ့ အများစုဟာ လက်ရှိအာဏာရ အစိုးရနဲ့ ဆက်နွယ်တဲ့ပါတီတွေလို့ ဆိုပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။