ချန်ဂွမ်ချန်း ရဲ့ ဆွေမျိုးတွေ ဖိအားပေးခံရ

_226x170_bbc_
Image caption ချန်ဂွမ်ချန်း ရဲ့ ဆွေမျိုးတွေ ဖိနှိပ်မှုခံရ

တရုတ်အာဏာပိုင်တွေ က မျက်မမြင် အတိုက်အခံ ရှေ့နေ ချန်ဂွမ်ချန်း ရဲ့ မိသားစုဝင် တွေ ကို ဖိအား ပေးမှုတွေ ပိုမို တိုးမြင့် လုပ်လာတဲ့ အကြောင်း သတင်းတွေ ထွက်လာပါတယ်။

သူဟာ အိမ်ချုပ် ကနေ ထွက်ပြေးပြီး အမေရိကန် သံရုံးထဲ ခိုလှုံခဲ့ပါသေးတယ်။

မစ္စတာ ချန်းဟာ အမေရိကန် ပြည်ထောင်စုမှာ ပညာ ဆက်သင်ရအောင် တရုတ်အာဏာပိုင်တွေ ဆီက ခွင့်ပြုချက်ကို စောင့်နေတါပါ။ ဒါပေမယ့် ကျန်ရစ်မယ့် တဆွေမျိုးတွေ အတွက်လည်း သူက စိတ်ပူနေပါတယ်။

မစ္စတာ ချန်း ရဲ့ တူ တဉီး ဆိုရင် သူ့အိမ် ကို ဖေါက်ထွင်းဝင်လာသူ အရာရှိတွေ ကို ဓါး နဲ့ ကာကွယ်တာကို လူသတ်ရန် ကျူးလွန်မှု နဲ့ အမှုရင်ဆိုင်နေရကြောင်း သူ့ရှေ့နေ က ပြောပါတယ်။ နောက်ထပ် ဆွေမျိုး ၁ဝ ဉီး ခန့် ဟာလည်း အိမ်ချုပ်ကျနေသလို မစ္စတာ ချန်း ရဲ့ ဇာတိမြို့ ရှန်ဒေါင်းခရိုင် မှာ အမှုရင်ဆိုင်ရတာတွေ ရှိနေကြပါတယ်။