အီတလီမှာ ခြိုးခြံရေးကို မကျေနပ်လို့ တိုက်ခိုက်ကြ

monti ဓာတ်ပုံ မူပိုင် BBC World Service
Image caption ခြိုးခြံချွေတာ နေတဲ့ ဝန်ကြီးချုပ် မွန်တီ

အီတလီ နိုင်ငံမှာတော့ အစိုးရရဲ့ ခြိုးခြံရေးမူ တွေကို ဆန့်ကျင်တဲ့ အနေနဲ့ တိုက်ခိုက် မှုတွေ လုပ်ခဲ့ကြ ပါတယ်။

လီဗော်နို မြို့မှာ ရှိတဲ့ အခွန်ရုံးကို ဓာတ်ဆီဗုံး နဲ့ တိုက်ခိုက်ခဲ့ ပေမယ့် တဉီး တယောက်မှ ထိခိုက် ဒဏ်ရာ ရခြင်း မရှိခဲ့ပါဘူး။

အခွန်အေဂျင်စီ တခု ဖြစ်တဲ့ အီကွစ်တားလီယာ မှာလည်း စာအိတ်ဗုံး တွေရရှိခဲ့ ပါတယ်။ တခါ အဲဒီကဝန်ထမ်း တဉီးကိုလည်း သေနတ်နဲ့ချိန်လို့ ဓားစာခံ လုပ်ထားတယ် လို့လဲ သိရပါတယ်။

အီတလီမှာ ဝန်ကြီးချုပ် မာရီယို မွန်တီ ခေါင်းဆောင်တဲ့ အစိုးရက အသုံး စားရိတ် တွေကို လျှော့ချပြီး အခွန်နှုန်းထားတွေ တိုးမြှင့်ခဲ့တာကြောင့် အခုလို တိုက်ခိုက်မှုတွေ ပိုပြီး များပြား လာမှာကို စိုးရိမ်နေကြတယ်လို့ အဲဒီက သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။