ဂရိ ရွေးကောက်ပွဲ ပြန်လုပ်ရမယ်

greece
Image caption ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် အဖြေ မထွက်ခဲ့

ဂရိမှာ အဓိက နိုင်ငံရေး ပါတီတွေ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ကြိုးစားမှု နောက်ဆုံး အကျော့ မအောင်မြင် တော့တဲ့နောက် နောက်ထပ် ရွေးကောက်ပွဲ အသစ် လုပ်ဖို့ တာစူ နေပါပြီ။

နိုင်ငံတကာ ကူညီရေး သဘောတူညီချက် အရ လုပ်ရမယ့် ချိုးခြံ ချွေတာရေး အစီအစဉ်တွေ အပေါ် ဘယ်လို ဆက် စခန်းသွားမယ်ဆိုတာမှာ အကြီးအကျယ် သဘောကွဲလွဲ နေကြတုန်း ဖြစ်ပါတယ်။

အရင်ပတ်က ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့် ဒီကိစ္စ အဖြေ ထွက်မလာ နိုင်သေးပါဘူး။

လတ်တလော ဆန္ဒ ကောက်ခံမှု တွေမှာတော့ လက်ဝဲစွန်း ဆိုင်ရီဇာ ပါတီက ဦးဆောင် နေပါတယ်။

ချိုးခြံမှု အစီအစဉ်တွေ ရပ်ဆိုင်းထားဖို့ တောင်းဆို ထားတဲ့အတွက် ဂရိ ယူရိုဇုန်ထဲ ဆက်နေလို့မှ ရပါ့မလား ပြောစရာ ဖြစ်လာပါတယ်။